Burmese

Burmese | မြန်မာ

ပြည်နယ်အရေးပေါ်ဌာန [State Emergency Service (SES)] သည် ရေကြီးမှု သို့မဟုတ် မုန်တိုင်း အရေးပေါ်အခြေအနေတွင် သင့်ကို အကူအညီပေးနိုင်သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း တစ်ခုဖြစ်သည်။ သင့်အနေဖြင့် ဤဝန်ဆောင်မှုအတွက် အခကြေးငွေ ပေးရန် မလိုပါ။

၁၃၂ ၅၀၀ သို့ ဖုန်းခေါ်ဆိုပါက SES စေတနာ့ဝန်ထမ်းများသည် ရေလွှမ်းမိုးနေသော သို့မဟုတ် မုန်တိုင်းကြောင့် ပျက်စီးသွားသော သင့်အိမ်သို့ ရောက်လာမည်ဖြစ်ပါသည်။ စကားပြန်တစ်ဦးကိုလည်း တောင်းခံနိုင်သည်။ SES စေတနာ့ဝန်ထမ်းများသည် လိမ္မော်ရောင်ယူနီဖောင်းကို အမြဲဝတ်ဆင်ကြပါသည်။ ၎င်းတို့သည် ရေကြီးမှုနှင့် မုန်တိုင်းအရေးပေါ်အခြေအနေများကို ဖြေရှင်းရာတွင် အတွေ့အကြုံ ရှိကြပါသည်။

ရေကြီးမှုနှင့် မုန်တိုင်းများအတွက် သင့်မိသားစုနှင့် သင့်အိမ်ကို မည်သို့ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အချက်အလက်များကို ကျေးဇူးပြု၍ အောက်တွင် ဖတ်ရှုပါ။

ဤအချက်အလက်များကို သင်နားမလည်ပါက သင့်မိသားစု၊ မိတ်ဆွေ သို့မဟုတ် အိမ်နီးချင်းထံ အကူအညီတောင်းပါ။

အထွေထွေမှာကြားချက်များ

အရေးပေါ်အခြေအနေများသည် အချိန်မရွေး၊ နေရာမရွေး ဖြစ်ပွားနိုင်သည်။

အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြင့်၊ သင်သည် အရေးပေါ်အခြေအနေ၏ ဆိုးကျိုးကို လျှော့နည်းစေနိုင်ပြီး နောက်ပိုင်း ပြန်လည်ထူထောင်‌ရေးတွင် လျှင်မြန် နိုင်သည်။

ဗစ်တိုးရီးယားပြည်နယ်သားအားလုံးသည် မိမိတို့အနီးတစ်ဝိုက် မုန်တိုင်းများ သို့မဟုတ် ရေကြီးမှုများ ဖြစ်လာလျှင် မည်သည်တို့ကို ကြိုတင်ပြင်ဆင်ရမည်ကို သိရှိစေရန် ကျွန်တော်တို့ သေချာဆောင်ရွက်ပေးလိုပါသည်။

သင့်အနေဖြင့် အရေးပေါ်အချက်အလက်များကို ကူညီပေးမည့်စကားပြန်တစ်ဦး လိုအပ်ပါက၊ Translating and Interpreting Service ၁၃၁ ၄၅၀ (ဖုန်း‌ခေါ်ခ ပေးရန်မလို) သို့ ခေါ်ဆိုပြီး VicEmergency Hotline (၁၈၀၀ ၂၂၆ ၂၂၆) သို့ ဖုန်းခေါ်ခိုင်းပါ။

အင်္ဂလိပ်စကား မပြောတတ်သူ တစ်ယောက်ကို သိပါက အထက်ပါနံပါတ်ကို ပေးပေးပါ။

အန္တရာယ်များ ဆက်ရှိနေနိုင်၍ အရေးပေါ်အခြေအနေဖြစ်ပြီးသည့်နောက် ဂရုစိုက်ပါ။

သင့်အိမ် သို့မဟုတ် အလုပ်သို့ ပြန်သွားရန် အန္တရာယ်ရှိနိုင်သည်။

ဖြစ်နေသမျှကို သိနေပါစေ - မုန်တိုင်းနှင့် ရေကြီးမှု သတိပေးချက်များကို VicEmergency hotline (၁၈၀၀ ၂၂၆ ၂၂၆) သို့မဟုတ် VicEmergency ဝဘ်ဆိုက် https://emergency.vic.gov.au/respond/ မှတဆင့် စောင့်ကြည့်ပါ။

မုန်တိုင်း အသေးစိတ်

မုန်တိုင်းများသည် နေရာမရွေး အချိန်မရွေး ဖြစ်ပွားနိုင်သည်။

မုန်တိုင်းများကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မိုးသီးကြီးကြွေခြင်းများနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်နိုင်သည်။

၎င်းတို့သည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်သည့်အပြင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည်။

အရေးပေါ်အချက်အလက်များကို ကူညီပေးမည့်စကားပြန်တစ်ဦး လိုအပ်ပါက Translating and Interpreting Service ၁၃၁ ၄၅၀ (ဖုန်း‌ခေါ်ခ ပေးရန်မလို)သို့ ခေါ်ဆိုပြီး VicEmergency Hotline (၁၈၀၀ ၂၂၆ ၂၂၆) သို့ ဖုန်းခေါ်ခိုင်းပါ။

ဘေးကင်းရာသို့ ထွက်ခွာသွားရန် လိုအပ်ပါက၊ လုပ်ဆောင်ရမည်နှင့် ယူဆောင်ရမည်တို့ကို ကြိုတင်စီစဉ်ထားပါ။

သင့်အိမ်နှင့်/သို့မဟုတ် အလုပ်ကို မည်သို့ ကြိုပြင်ဆင်ရမည်နှင့် မုန်တိုင်းတိုက်ချိန်အတွင်း မည်သည်တို့ လုပ်ဆောင်ရမည်ကို VICSES ဝဘ်ဆိုဒ် -www.ses.vic.gov.au တွင် ရှာဖွေနိုင်ပါသည်။